Friday, August 10, 2012

ဘလော့အဟောင်းလေး ပြန်ဖွင့်လို့ရပြီ . . . ထိုကြောင့်

အားလုံး … မင်္ဂလာပါ !
ကျွန်တော် သတင်းကောင်းလေး ကြေညာချင်ပါတယ်
ပျောက်ဆုံးနေတဲ့ ကျွန်တော့်ဘလော့လေး ပြန်ရှာတွေ့ပါပြီ။
၂ဝ၁၂ ဇူလိုင်လ (၃၁) ရက်နေ့က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ ကျွန်တော့်ရဲ့ရတနာလေး အစ်မရိုးမြေကျရဲ့ အကူအညီနဲ့ ၂ဝ၁၂ သြဂုတ်လ (၇) ရက်နေ့မှာ ပြန်လည်ရှာတွေ့ခဲ့တာပါ။ အစ်မရေ … မအားတဲ့ကြားကနေ ကူညီပေးတဲ့အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်မိကြောင်း ဒီနေရာလေးကနေ ပြောချင်ပါတယ်။ ဘလော့လေး ပျောက်ဆုံးနေတဲ့ အတောအတွင်းမှာလည်း အသစ်ဖွင့်ထားတဲ့ ဘလော့လေးဆီလာပြီး လေနေတဲ့ ကျွန်တော့်ကို အားပေးစကားလာပြောကြတဲ့ ဘလော့ဂါမောင်နှမတွေကို အတိုင်းမသိအောင် ကျေးဇူးတင်မိပါတယ်။ စိတ်ညစ်ညစ်နဲ့ ချရေးမိတဲ့ တဂ်ပို့စ်လေးကိုလည်း ဝိုင်းဝန်းရေးသားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ထပ်ပြီးပြောကြားပါရစေ …
အခု ကျွန်တော် ဘလော့နှစ်ခုနဲ့ တိုင်ပတ်နေပါတယ်။ မကြီးချစ်စံအိမ်ကတောင် ဘယ်ဘလော့မှာရေးမှာလဲ မေးနေတယ်။ ကျွန်တော် ဘယ်ဘလော့မှာ ရေးရင်ကောင်းမလဲ … နှစ်ခုလုံးမှာလည်း ရေးလို့မဖြစ်ဘူး။ လည်လည်လာတဲ့သူတွေ ဘလော့နှစ်ခုဖွင့်နေရတာနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားမှာ စိုးရတယ်။ ဒါကြောင့် ဒီစာကိုရေးနေရင်းက ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ပါတယ်။ ကျွန်တော်က သံယောဇဉ်ကြီးတဲ့သူ ဆိုတော့ ဘလော့အဟောင်းမှာပဲ ကျွန်တော် စာတွေဆက်ရေးပါ့မယ်။ ဒါကြောင့် အရင်ဘလော့အဟောင်းဆီကို လှမ်းလာခဲ့ပါ။ စာတွေနဲ့အတူ ကျွန်တော် ကြိုဆိုနေပါတယ်။ ဒီနေရာလေးကို ရောက်ခဲ့တယ်ဆိုရင်တောင်မှပဲ အရင်ဘလော့အဟောင်းလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့ပါလို့ ပြောကြားရင်း …

3 comments:

ချစ်စံအိမ် said...

ဘယ်မှာရေးရေးပါ မောင်လေးရေ...
အားပေးလျှက်ပါကွယ်...

mstint said...

လက်လွှတ် ဆုံးရှုံးသွားခဲ့တဲ့အရာတစ်ခု ပြန်ရလိုက်တဲ့ ကြည်နူးမှု ခံစားချက်လေးကို မျှဝေခံစားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်နိုးသူ said...

ဝမ်းသာစရာသတင်းလေးတစ်ခုပေါ့မောင်လေးရေ
အားပေးနေပါတယ်